Events
14th Edition of Agro & Food Tech ပြပွဲကျင်းပမည်
Updated At: 2020-10-12 10:21:49
14th Edition of Agro & Food Tech ပြပွဲကို အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) က ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ Virtual Platform- HIVE ဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ယင်းပြပွဲသို့ မြန်မာနိုင်ငံက စိတ်ဝင်စားသော လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာစိုက်ပျိုးရေးဝန်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲ၊ B2B နှင့် B2G အစည်းအဝေးများ၊ နိုင်ငံတကာညီလာခံများ၊ လေ့ကျင့်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် အစိုးရအဆင့်မြင့်အရာရှိများ နှင့်လည်း အပြန်အလှန် စီးပွားရေးအခွင့်အလမ်းသစ်များ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ယင်းပြပွဲတွင် စိုက်ပျိုးရေး နှင့်အစားအသောက် နယ်ပယ်ဆိုင်ရာကိရိယာများ၊ နည်းပညာများ၊ ဖြစ်စဉ်များနှင့် သုတေသနများကို Virtual ဖြင့် ခင်းကျင်းပြသခြင်း (Showcasing Platform)၊ အိန္ဒိယနိုင်ငံမှ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒချမှတ်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း (Interacting Platform)၊ အိန္ဒိယအစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ တွေ့ဆုံခြင်း (Partnership Platform)၊ အသိပညာများမျှဝေခြင်း(Knowledge Dissemination Platform)စသည့်ကဏ္ဍများ ပါဝင် မည်ဖြစ်သည်။ ပြပွဲတွင်အဓိကအားဖြင့် စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဉယျာဉ်စိုက်ပျိုးရေး၊ နို့ထွက်ပစ္စည်း၊ ငါးလုပ်ငန်း၊ ကြက်ဘဲမွေးမြူရေး၊ ပိုးချည်မျှင်မွေးမြူထုတ်လုပ်ခြင်း၊ ပန်းမန်စိုက်ပျိုးရေး၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာဘဏ္ဍာရေး၊ လယ်ယာလုပ်ငန်းသုံးစက်ယန္တရား ကိရိယာများ၊ ရေ၊ သကြား၊ နည်းပညာသစ်များနှင့်စပ်လျဉ်း၍ ပါဝင်ပြသမည်ဖြစ်ကြောင်းနှင့် ပြပွဲဆိုင်ရာအချက်အလက်များကို သိရှိလိုပါ က Mr. Jasdeep Singh၊ Email- [email protected]၊ ဖုန်းနံပါတ် -+၉၁ ၉၈၁ ၅၃၀ ၉၇ ၂၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲ ဆိုင်ရာ အချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected] နှင့် [email protected] သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025